မာန်အောင်မြို့တွင် သွေး လွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် သွေး လွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့်အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခပ်ခြင်းကိုအပတ်စဥ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


      ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ခြင်ပိုးလောက်လန်းများပေါက်ပွားစေနိုင်သည့် ရေတွင်း၊ ရေလှောင်ကန်၊ဘုရားပန်းအိုး၊ရေအိုးများ၊တာရာအဟောင်း များတွင် ခြင်ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးနှင့်အခြားဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပေါ်စေရန် နေအိမ်ပိုင်ရှင်များအား ကျန်းမာရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီးကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)