MNP ၊ ဩဂုတ် ၃
မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၉ )နာရီခွဲ အချိန်က အဆိုပါဦးစီးဌာနတွင် ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျားရုံး မြို့နယ်မန်နေဂျာ ဦးကျော်ညွှန့်နှင့် ဝန်ထမ်းများက သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ခံယူဆောက် တည်ခဲ့ကြပြီးနောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တု အစုစုတိုအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဆရာတော် အရှင်ဉာဏိဿရသံထံမှ အနုမောဒနာတရား နာကြားကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြပါသည်။
ဇာနည်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment