MNP ၊ ဩဂုတ် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့သည်ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ ပြန့်ပွားရေး စင်တာသို့ ရောက်ရှိရာ တောင်သူ ဦးကျင်လှိုင်၏ လယ်မြေတွင် တစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး မျိုးစပါးစံပြကွက် စပါးစိုက်ပျိုးထားရှိမှုနှင့် ပေါင်းသင်နေမှုတို့အား ကြည့်ရှုအားပေးပြီး တောင်သူများ စပါးအထွက်နှုန်း တိုးမြှင့်စေရေးနှင့် ဝင်ငွေတိုးပွားစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment