အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးများနှင့် သွေးလွန်တုတ်ကွေးအန္တရာယ် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးများနှင့် သွေးလွန်တုတ်ကွေးအန္တရာယ် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ







MNP ၊  ဩဂုတ်  ၁၈

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါဖြစ်စေသောသွေး လွန်တုတ်ကွေးအန္တရာယ်မှ ကာကွယ်နိုင်စေဖို့ ဒို့ကျေး ရွာဂျာနယ် အတွဲ(၂၀)၊အမှတ် (၁၄)၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ဆောင်ပါးရှင် ဆုလတ်မေမေ ရေးသားသည့် ကလေးများနှင့် သွေးလွန်တုတ်ကွေးအန္တရာယ် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြု လုပ်ခဲ့သည်။


 ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ကျောင်းသားကျောင်းသူများအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ ဖြိုးတိုး တက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊သွေးလွန်တုတ်ကွေးရောဂါသည်ကလေးများတွင် အဖြစ်များပြီး ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးမှုကိုပါဖြစ်စေနိုင်သဖြင့် ကလေးများ ဖျားပြီဆိုလျှင် သွေး လွန်တုတ်ကွေးရောဂါကို သတိလက်လွတ်မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ကလေးများ ငွေ့ငွေ့ဖျားခြင်းမဟုတ်ဘဲ အဖျားကြီးပြီးသုံးရက်ဆက်တိုက်ဖျားခြင်းဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံဆေး ခန်းသို့ ပြသပြီး သွေးလွန်တုတ်ကွေးရောဂါ ဟုတ်၊မဟုတ် စစ် ဆေးပြီး ကုသသင့်ပါတယ်။ အဆိုပါရောဂါဟာ အသက် ၁၅ နှစ်အောက်တွင် အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွှေး တောရောမြို့ပါမကျန် နေရာမရွှေးဖြစ်ပွားလေ့ရှိကြောင်းတွေ့ရှိရပါတယ်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး ယခုမိုးရာသီတွင် အ ဖြစ်များဆုံးဖြစ်ပါတယ်။ တစ်ကြိမ်ဖြစ်ဖူးသူများအနေဖြင့် နောက်တကြိမ်ပြန်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်ကြောင်း မပေါ့ဆသင့်သည့်ရောဂါဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်၍ ကျောင်းသူ မရင်ရင်လှက သွေးလွန် တုတ်ကွေးရောဂါဟာ သွေးလွန်တုတ်ကွေးပိုးသယ်ဆောင်တဲ့ ခြင်ပုန်း ခေါ် ခြင်ကျားကိုက်ခြင်းမှတဆင့် ကူးစက်တဲ့ရောဂါဖြစ်ကြောင်း၊ မနှင်းအိဖြူက ခြင်မပေါက်ပွားအောင် ရေစည်တွေကို ဖုံးအုပ်ထားရမယ် ဘုရားပန်းအိုးတွေကို မှန်မှန် ရေလဲပေးရမယ် ရေဝင်နိုင်သည့် ပစ္စည်းအစုတ်တွေကို လွှင့်ပစ်ရမယ် ပိုးလောက်လန်း မပေါက်ပွားအောင် ရေထဲကို Abate ဆေးခတ်ရမည့် အကြောင်းများကို ဆွေး နွေးပြောကြားပြီကျောင်းသား မောင်ဖြိုးအောင်လင်းက ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါဖြစ်စေသော သွေးလွန်တုတ်ကွေးဂါကို သတိပြုကာကွယ်ပြီး တညီ တညွတ်တည်း စုပေါင်းပြုလုပ်ကြခြင်းဖြင့် ကလေးများကို သွေးလွန်တုတ်ကွေးအန္တာယ်မှကာကွယ်နိုင်ရန် ဆောင်းပါးပါအကြောင်းအရာများနှင့်တစ်ဦးချင်းစီ၏အမြင်များအား အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။ 


 ထို့နောက် ကျောင်းသားကျောင်း သူများက သိရှိလိုသည့် အ ကြောင်းအရာများကို  မေးမြန်းဆွေးနွေးကြရာ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က ကလေးများနှင့် သွေးလွန်တုတ်ကွေးအန္တရာယ်ဆောင်းပါးပါအ​ကြောင်းအရာများအားခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)