MNP ၊ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၈) ရပ်ကွက်၊ လမ်းမတော် လမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ရောင်းချပေးခဲ့သည်။
ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းကို ယနေ့တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံး၌ အမှတ်(၁)ရပ်ကွက်မှ အမှတ် (၆)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့ပြီး ကျန်ရပ်ကွက်များရှိ ပြည်သူများအား ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်စက်များတွင် အလှည့်ကျ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မှော်ဘီ-၃ ဆန်အမျိုးအစားအား ပြင်ပပေါက်စျေးအောက် တစ်ပြည်လျှင် ၅၀၀ ကျပ် လျှော့ချ ရောင်းပေးခြင်းဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကိုပါ နေ့စဥ် အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ထို့သိုရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စီစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment