ပေါင်မြို့နယ်၌မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများ အခမဲ့နယ်လှည့်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများ အခမဲ့နယ်လှည့်ကွင်းဆင်းဆောင်ရွက်







MNP ၊  ဩဂုတ်  ၂၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများ အခမဲ့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကိုယမန်နေ့က  ဇင်းကျိုက်မြို့၊ဇင်းကျိုက်ရပ်ကွက် သဒ္ဓမ္မပါလကျောင်း(ပန်းသီးကျောင်း)တွင် လာရောက်  ကုသ‌ပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ဆေးကုသပေးရာတွင် အထွေထွေရောဂါကုသမားတော်  ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ၊ ကလေးအထူးကုဆရာဝန်ကြီး ၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး ၊ မျက်စိရောဂါအထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကုဆရာဝန်ကြီး ၊ နား နှာခေါင်းနှင့်လည်ချောင်းရောဂါ အထူးကုဆရာဝန်ကြီး ၊ သွားနှင့် ခံတွင်းရောဂါ အထူးကုဆရာဝန်ကြီးများလာရောက်၍  အခမဲ့  ကုသပေးလျက်ရှိရာ ဇင်းကျိုက်မြို့

ပေါ်( ၄ )ရပ်ကွက်နှင့် အနီးရှိကျေးရွာများမှပြည်သူများ စုစုပေါင်း (၂၆၈) ဦး လာရောက်ပြီး   ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။


၎င်း ဆေးကုသပေးလျက်ရှိသည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးသံမရောင်နှင့်အဖွဲ့ဝင်များ၊ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးအောင်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)