မာန်အောင်မြို့နယ်တွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများက ထေရ်ကြီး၊ ဝါကြီးသံဃာတော်(၈)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မာန်အောင်မြို့နယ်တွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများက ထေရ်ကြီး၊ ဝါကြီးသံဃာတော်(၈)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

011-01

012

013

014


MNP ၊ သြဂုတ်   ၁၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများက ထေရ်ကြီး၊ဝါကြီးသံဃာတော်(၈)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ခအုန်းမော်ကူးတို့ဆိပ်ကျောင်း ဆရာတော် အရှင်သူမြတ် ဘဒ္ဒန္တသိရိန္ဒထံမှ  ငါးပါးသီလခံယူဆောက်တည် ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာများနှင့်အလှူရှင်များက ဆရာတော် သံဃာ တော် အရှင် သူမြတ်(၈)ပါးတို့အား  ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ပစ္စည်း များကိုဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ် တရားတော်မြတ်ကို ချီးမြှင့်ကြသည်။ 

ဆက်လက်၍ မဟာဓမ္မိကာရုံကျောင်းဆရာတော် အရှင်သူမြတ် ဘဒ္ဒန္တဝိစိတ္တသာရ ထံမှ သာဓုအနုမောဒနာတရားတော်မြတ်ကို နာယူကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက် သွန်းချ အမျှပေး ဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို  ရုပ်သိမ်းခဲ့ပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages