နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး











နေပြည်တော် ဩဂုတ် ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုကြသည်။

ဦးစွာ ဖျော်ဖြေပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက နိုင်ငံတကာသံစုံတီးဝိုင်းများနှင့် နိုင်ငံတော်သံစုံတီးဝိုင်းအကြောင်းအရာ အကျဉ်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် တူရိယာများဆိုင်ရာ Annimation Video Clip ကို တင်ဆက်ပြသသည်။

ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကိုတီးမှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မတ်တပ်ရပ်အလေးပြုကြသည်။

ဆက်လက်ပြီး ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား(MNSO Overture) တို့ကိုလည်းကောင်း၊ တူရိယာအမျိုးအစားများအလိုက် တီးမှုတ်တင်ဆက်၍လည်းကောင်း နိုင်ငံတော်သံစုံတီးဝိုင်း အဖွဲ့သားများက ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ တွဲဖက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက မြန်မာသံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံတကာ ကမ္ဘာကျော်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေပွဲသို့ တက်ရောက်လာကြသူများ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် လက်ဖက်ရည်ဝိုင်းတွင် အတူတကွသုံးဆောင်ကြပြီး သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံကျော်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)