မိုးသည်းထန်စွာရွာသွန်းပြီးရေတိုက်စားမှုကြောင့် ရေး-ထားဝယ်သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှုကို နေ့ချင်းပြီးစီးအောင် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်းပြီးရေတိုက်စားမှုကြောင့် ရေး-ထားဝယ်သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှုကို နေ့ချင်းပြီးစီးအောင် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်

 







MNP ၊  ဩဂုတ်  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာရှိ ရေး-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၅၁/၈) ဖာလုံကြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်းထားရကာ အဆိုပါလမ်းပိုင်းကို ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီက စတင်၍ နေ့ချင်းအမြန်ဆုံးပြီးစီးအောင် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ကလိန်အောင်မြို့ လမ်းအထူးအဖွဲ့ (၂၃) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားသောသံကူကွန်ကရစ်တံတားလမ်းပိုင်းကို ထားဝယ်မြို့ တံတားတည်ဆောက်ရေးအဖွဲ့ (၄) ၊ လမ်းအထူးအဖွဲ့ (၂၃) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်လင်းကကြီးကြပ်၍ မော်တော်ယာဉ်ကြီး/ယာဉ်ငယ်များ လမ်းပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်မသွားဘဲ အမြန်ဆုံးလွယ်ကူစွာဖြတ်သန်းသွားလာနိုင်အောင် နေ့ချင်းပြီးစီးအောင် ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။


"ရေး-ထားဝယ်သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ သံကူကွန်ကရစ်တံတားလမ်း ပြိုကျသွားတဲ့လမ်းပိုင်းကို စဘတ်စ်ဟိုး၊ ကျောက်သည်ကားနဲ့ လူအင်အားဖြင့်စတင်ပြီး အမြန်ဆုံးပြီးစီးအောင် ပြုပြင်ဆောင်ရွက်နေပါတယ်၊ နေလည်ပိုင်းလောက်ကျရင် မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များအားလုံး ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလို့ရပါပြီး ဟု ကလိန်အောင်မြို့ လမ်းအထူးအဖွဲ့ (၂၃) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးဉာဏ်ထွန်းအောင်မှ ပြောသည်။


အဆိုပါ လမ်းပိုင်းသည်ဩဂုတ် (၂၁) ရက် ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတား အရှည် (၁၅) ပေ၊ အကျယ် (၁၈) ပေလမ်းအပိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းများပိတ်ဆို့ခြင်း၊ လမ်းပြတ်သွားခြင်းများဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များလမ်းပိတ်ဆို့ကာ ဖြတ်သန်းသွားလာမရခဲ့‌သော်လည်း ယခုဩဂုတ် (၂၂) ရက်၊ နေလယ် (၁၁) နာရီခွဲအချိန်က ယဉ်ကြီး/ယဉ်ငယ်များ ပြန်လည်ဖြတ်သန်းသွားလာ၍ရရှိခဲ့ကြောင်း သိရသည်။


ကလိန်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)