MNP ၊ ဩဂုတ် ၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်) စာသင်ကျောင်းနှင့် ကလော့သော့ကျေးရွာရှိ လူနေအိမ်(၁၃)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များတို့က သွားရောက်ကြည့်ရှုခဲ့ပြီး နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများတို့က ပူးပေါင်းကူညီရှင်းလင်းဆောင်ရွက်ပေးလျက်ရှိသည်။
မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က (မူလွန်)ကျောင်း၏ သိပ်မိုး ၁၇ ပေရှိ သွပ် ၁၇ ချပ်၊ မျက်နှာကြက်များ၊ သံတန်းများ လန်ထွက် ပျက်စီးခြင်း၊ ကလော့သော့ကျေးရွာရှိ လူနေအိမ်(၁၃)လုံးမှသွပ်အမိုးများလန်ခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများဖြစ်ပွားခဲ့ရာ သွပ်အမိုး ၁၉၁ ချပ်ခန့် ပျက်စီးသွားပြီး စုစုပေါင်း ဆုံးရှုံးငွေကျပ် သိန်း ၉၀ ခန့်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
သားငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment