ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မုံးထဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မုံးထဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ





MNP ၊ သြဂုတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ မုံးထမြို့တွင် ၂၇-၈-၂၀၂၃ ရက်နေ့က မုံးထမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မုံးထမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မုံးထမြို့ကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန်နှင့် မုံးထဒေသ မည့်မျှတိုးတက်နေသည်ကို လာရောက်ကြည့်ရှခြင်းဖြစ်ပါကြောင်း၊ မုံးထဒေသလိုအပ်ချက်များကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မုံးထမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစည်သူမှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများမှ လိုအပ်ချက်များ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ တင်ပြချက်အပေါ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မုံးထမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများဖြစ်သော ငါး၊ ကြက်ဥ၊ ကြက်သားတို့ကို ထောက်ပံ့ပေးအပ်ရာ မုံးထအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာများမှ လက်ခံရယူကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မုံးထမြို့ရှိ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှုပြီး မုံးထမြို့ အောင်သိဒ္ဓီဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ဦးပညာဘောဂအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မုံးထမြို့ ကွက်သစ်တည်ဆောက်မည့် အိမ်ပုံစံများအား သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွက်သစ်ဖော်ထုတ်မည့် နေရာအား ကြည့်ရှုကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းတုံမြို့နယ် မုံးထမြို့ တိုးချဲ့ကွက်သစ် ရေပေးရေးလုပ်ငန်းအား သွားကြည့်ရှုရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံးထတိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံရှိ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သူနာပြုဆရာမများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း၊ ဆေးစတိုနှင့် မြေထိန်းနံရံပြုလုပ်မည့် နေရာအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်သူရှိတို့သည် ပုံပါကျင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဌာဆိုင်ရာများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသလိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ လိုအပ်ချက်များ တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုံပါကျင်တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)