လယ်ဝေးမြို့နယ်တွင် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူ (၄၅၉၃) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်တွင် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူ (၄၅၉၃) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပြီး



MNP ၊  ဩဂုတ်  ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၂၂ ရက်မှစ၍ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန္ဒာ​ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုး ကျန်းမာရေးဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာမများပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးခဲ့သည်။ တစ်မြို့နယ်လုံးတွင် ဆေးထိုးစုရပ် (၅၄) ခု၌ စုစုပေါင်းကျောင်းသူ (၇၆၄၂) ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ​ပေးမည်ဖြစ်ပြီး ယနေ့အထိ ကျောင်းသူ (၄၅၉၃) ဦးအား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)