လောက်ကိုင်မြို့နယ်တွင် ဒေသဆန်ဖူလုံရေး မိုးစပါးစိုက်ပျိုးနေမှုအခြေအနေနှင့် စိုက်ပျိုးပြီးသည့် လယ်ဧကများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောက်ကိုင်မြို့နယ်တွင် ဒေသဆန်ဖူလုံရေး မိုးစပါးစိုက်ပျိုးနေမှုအခြေအနေနှင့် စိုက်ပျိုးပြီးသည့် လယ်ဧကများအား ကြည့်ရှုစစ်ဆေး





MNP ၊  ဩဂုတ်  ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအုပ်စု မန်ကျူးကျေးရွာတွင် ဒေသဆန်ဖူလုံရေးအတွက်  မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများနှင့် စိုက်ပျိုးပြီးသည့် လယ်ဧကများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးမှုတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်က တောင်သူများအနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး သွားကြရန်၊ အထွက်နှုန်းကောင်းမွန်ရေး နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြရန်ပြောကြားခဲ့ပြီး ‌ဒေသစိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက မိုးစပါးစိုက်ခင်းများ အောင်မြင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်း စနစ်မှန်ကန်စေရေး စပါးစိုက်တောင်သူများနှင့် ပူးပေါင်း၍ စနစ်တကျကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဆန်ဖူလုံရေး မိုးစပါး (၆၁)ဧက လျာထားလျက်ရှိရာ (၅၆)ဧက စိုက်ပျိုးပြီး‌ကြောင်းနှင့် မိုးစပါးပြည့်မီကျော်လွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးပြီး မိုးစပါးစိုက်လယ်ဧကများအား လိုက်လံကြည့်ရှူ စစ်ဆေးခဲ့ ကြောင်း သိရသည်။


ညိုညိုဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)