ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ


MNP ၊ ဩဂုတ် ၂၉

၂၀၂၃ ခုနှစ် တရုတ် - အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က HowardJohnson Hotel တတိယထပ်ရှိ ဧည့်ခန်းမ၌ တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် အဖွဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုသည့် အစီအစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကွေ့ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး H.E. Mr.Li Bingjun ၊ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ်ဆိုင်ရာ အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွေ့ကျိုးပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကို အဆိုပါဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပညာရေးပူးပေါင်း ဆောင်ရွက်နေမှုများကို မိတ်ဆက်ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေ ၆ နာရီတွင် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားကျင်းပမည့် Howard Johnson Hotel ရှိ Colourful Guizhou Ballroom ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)