ရမည်းသင်းမြို့‌‌နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ အေးချမ်းစွာ ဘုရားဖူးမြော်နိုင်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့‌‌နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ အေးချမ်းစွာ ဘုရားဖူးမြော်နိုင်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်



MNP ၊  ဩဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ဘုရားစေတီများ၌ အေးချမ်းစွာ ဖူးမြော်နိုင်စေရေးနှင့် ​သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ခြင်းကို ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဝံသပါလဘုန်းတော်ကြီးကျောင်း၌ မြက်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားစေတီအနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း၊ တံမြက်စည်းလှဲခြင်း အမှိုက်များ ရှင်းလင်းခြင်း ရေကုသိုလ်ယူဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။


ရမည်းသင်းမြို့နယ်တွင် ပြည်သူ့များ အေးချမ်းစွာ ဘုရားဖူး​မြော်နိုင်ရေးနှင့် ဥပုဒ်သီတင်း စောင့်တည်နိုင်ရေးအတွက် ဘုရားစေတီပုထိုးများအတွင်း မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်များ ရှင်းလင်းခြင်း၊ ရေကုသိုလ်ယူခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)