စလင်းမြို့နယ်တွင် တရားမဝင်တင်ဆောင်လာသော ကုန်ပစ္စည်းများမရှိစေရေး အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် တရားမဝင်တင်ဆောင်လာသော ကုန်ပစ္စည်းများမရှိစေရေး အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်





MNP ၊  ဩဂုတ်  ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ်ဆင်ကျုံးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာထိပ်၊ စေတုတ္တရာ၊ စလင်းကားလမ်းမပေါ်နှင့် ကူတိုကျေးရွာစလင်း မင်းဘူးကားလမ်းမပေါ်၊ စလင်းမီးပွိုင့်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်စစ်ဆေးရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းအောင်၊ မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ကစလင်းမြို့နယ် ကူတိုကျေးရွာ မင်းဘူး-စလင်းသွားကားလမ်းမပေါ်နှင့် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာ စေတုတ္တရာ-စလင်းကားလမ်းမ၊ မင်းဘူးစလင်းမီးပွိုင့်လမ်းဆုံတို့တွင် ဝင်ထွက်သွားလာလျက်ရှိသည့် ကုန်ပစ္စည်းသယ်ဆောင်ယာဥ်များအား စစ်ဆေးရာ အဆိုပါကုန်တင်ယာဥ်များတွင် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)