MNP ၊ ဩဂုတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၃၀နာရီအချိန်က ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဂွမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စစ်ကြောင်း(၅)ကြောင်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး သန့်ဇင်အောင်က ရပ်ရွာလုံခြုံရေးနှင့်ပတ်သက်၍လည်းကောင်း၊ ယာယီရဲမှူး ခင်မောင်ထွန်းက နယ်မြေဒေသ လုံခြုံရေးနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိုလည်းကောင်း၊ ရပ်မိရပ်ဖ ဦးလှတင့်က ဒေသလိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကျိန္တလီမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment