မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ





MNP ၊  ဩဂုတ်  ၂၅

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့နယ်၊ သဖန်းဆိပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး၊ သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး၊ ဧရာဝတီမြစ်ရေမှ ရေကို ရေတင်ရေဖြန်းစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ၊ သဖန်းဆိပ်ဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ရောက်ရှိပြီး စိုက်ပျိုးရေရရှိရေး၊ ဧရာဝတီမြစ်ရေမှ ရေကို ရေတင်ရေဖြန်းစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ၊ စီမံကိန်းရှင်းလင်းဆောင်တွင် ထုံးပေါက်တောကွင်း နှမ်းဧက(၂၀၀)ဖြည့်စွက် ရေပေးဝေ၍ စိုက်ပျိုးရန်အတွက် သဖန်းဆိပ်ရေတင်စီမံကိန်း PS(4), DY(5)မြောင်းမှ ပိုက်လိုင်းဖြင့် သွယ်တန်း၍ ဖိုက်ဘာရေစုကန်များအတွင်း ရေသိုလှောင်ပြီး ရေစုပ်စက်များ အသုံးပြု၍ ရေဖြန်းစနစ်ဖြင့် ရေဖြန့်ဝေပေးသွားမည့် အခြေအနေနှင့် PS(4), DY(5)မြောင်းမှ တစ်ဆင့်မြောင်းလက်တံများ ဖောက်လုပ်၍(3’×4’)အုတ်ကန်ငယ်များသို့ ရေသွယ်ယူပြီး ရေစုပ်စက်များအသုံးပြု၍ ရေဖြန်းစနစ်ဖြင့် ရေပေးဝေခြင်း ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ၊ ဒေသခံ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ဆီထွက်သီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ကြောရိုးသဖွယ်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်သည့်အတွက် သီးနှံများ၏ ရေလိုအပ်ချက်နှင့်အညီ မိုးရေလုံလောက်စွာ မရရှိခြင်းကြောင့် သီးနှံအထွက်နှုန်းလျော့နည်းခြင်း၊ အောင်မြင်ဖြစ်ထွန်းမှု အားနည်းခြင်းတို့ ကြုံတွေ့ရခြင်းအား သဖန်းဆိပ်ဒေသမှ တောင်သူများ ကြီးပွားတိုးတက် အဆင်ပြေစေရန်၊ စိုက်ပျိုးရေလုံ လောက်စွာ ရရှိစေရန်အတွက် ဧရာဝတီမြစ်ရေမှ ရေကို ရေတင်ရေဖြန်းစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာသုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရန်လိုအပ်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဝန်ထမ်းတွေက စိုက်ရေးပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူပညာ ပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများ အနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီ သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားကာ၊ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် ပါဝင်၍ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်(၂၉)လက်မခန့်သာ ရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထား စိုက်ပျိုးရသဖြင့် တစ်နှစ်လျှင်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသတွင် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက် မကွေးမြို့နယ် သဖန်းဆိပ်ဒေသရှိ စိုက်ပျိုးမြေ ဧက(၄၅၀၀)ကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်လာစေပြီး၊ ဒေသဆန် ဖူလုံရေးနှင့်ဒေသ စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေနိုင်ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးချင်း၏ဝင်ငွေလည်း တိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)