ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်





MNP ၊  ဩဂုတ်  ၁၈

ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ဩဂုတ် ၁၈ရက် နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။


     သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော်က ယခုသင်တန်းသည် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း အနေဖြင့် ဆောင်ရွက်နိုင်စေရေး၊တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေရရှိစေရေးရည်ရွယ်၍ သင်တန်း‌ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြ ဒေါ်ချောစုဝေမှ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်ပုံအဆင့်ဆင့်ကိုလက်တွေ့သင်ကြားပြသပေးခဲ့သည်။


  အဆိုပါသင်တန်းတွင်အမျိုးသမီးရေးရာအဖွဲ့၊မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊အမျိုးများအသင်း(Woman Club)တို့မှသင်တန်းသူ(၁၅)ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာတစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)