ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ





MNP ၊  ဩဂုတ်  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာကို သိရှိစေရန်၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန်ရည်ရွယ်၍ ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ကရင် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး)ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်း တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ရှေးဘိုးဘွားဘီဘင်ကရင်လူမျိုးများ၏ အယူအဆအရ ဝါခေါင်လတွင် ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများတဖြည်းဖြည်း လျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပိုမို၍ ကုန်ကျသည်ဟု ထင်မြင်ကြပြီး မကောင်း ဆိုးဝါးများ လူတွင်ပူးကပ် သည် ဟုယူဆသည့်အတွက် ကိုယ့်လိပ်ပြာလွင့်မသွားစေရန် ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ထား ပြီး ဆံဖြူခါး ကုန်းသည်အထိ ကိုယ်နှင့်မကွာနေထိုင်စေရန် ဆုတောင်းမေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။


အဆိုပါကရင်ရိုးရာချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်း၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်းတို့ဖြင့် ပါဝင်ပစ္စည်းများထည့်ထားသော လင်ဗန်းနှင့်အတူ အသက်အရွယ်ကြီးရင့်သော ပွဲတော် အကြီးအမှူးများနှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုး၊ အဘွားများ၊ မြေးငယ်များ ခြံရံလျက်သတ်မှတ် နေရာများတွင်စုပေါင်းနေရာယူကြပြီး လူတိုင်း၏ခန္ဓာကိုယ်အား စောင့်ရှောက်ပေး သော လိပ်ပြာကောင်းများပြန်လည်ဝင်ရောက်လာစေရန် စကောကရင်ဘာသာဖြင့် ပွဲတော်သို့ရောက်ရှိလာသော (၇)ရက်သား သမီးများ၏ ဝိဉာဉ်ကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန် ရိုးရာဓလေ့ သီချင်းများဖြင့် သီဆိုကြိုဆို၍ ချည်ဖြူဖွဲ့မင်္ဂလာကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇင်လေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)