ပဲခူးမြို့နယ် ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပဲခူးမြို့နယ်ရေဘေးကူညီကယ်ဆယ်ရေးအတွက် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ် ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပဲခူးမြို့နယ်ရေဘေးကူညီကယ်ဆယ်ရေးအတွက် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်











MNP ၊ သြဂုတ် ၂၀

ပဲခူးမြို့ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇) ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ကျိုက်ပွန်ဇေတဝန်ကမ္မဌာန်းကျောင်း တောင်ပုလုဓမ္မဗိမာန်ဓမ္မာရုံတော်ကြီးတွင် သြဂုတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပဲခူးမြို့နယ်ရေဘေးကူညီကယ်ဆယ်ရေးအတွက် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျိုက်ပွန်ဇေတဝန်ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ပဲခူးတိုင်းဒေသကြီးပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့နာယကနှင့်တိုင်းကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့ဥက္ကဌနှင့်ကော်မတီဝင်များ၊ အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သဇ္ဈာယ်တော်မူကြသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့နာယကနှင့်တိုင်းကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့ဥက္ကဌနှင့်ကော်မတီဝင်များ၊ အလှူရှင်များက ဆရာတော်သံဃာတော်အရှင်မြတ်များအား ဝါဆိုသင်္ကန်းနှင့်နဝကမ္မအလှူများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ ပဲခူးမြို့နယ်ရေဘေးအတွက်လှူဒါန်းခဲ့ကြသောအလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့ဥက္ကဌက ပဲခူးမြို့နယ်အတွင်းဖြစ်ပွားခဲ့ရေဘေးနှင့်ပတ်သက်၍ ယာယီရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးတွင် ရေဘေးရှောင်ပြည်သူများအား လှူဒါန်းခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူရှင်များအား ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့နာယကနှင့် တိုင်းကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့ဥက္ကဌနှင့်ကော်မတီဝင်များ၊ အလှူရှင်များက ကျိုက်ပွန်ဇေတဝန်ကမ္မဌာန်းကျောင်းတိုက်အတွင်းသီတင်းသုံးနေထိုင်တော်မူကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။


ပဲခူးမြို့နယ်ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့အနေဖြင့် ပဲခူးမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့်ရေဘေးကြောင့် သက်ဆိုင်ရာရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးမှရေဘေးရှောင်ပြည်သူများအတွက် ရေသန့်၊ ခေါက်ဆွဲခြောက်၊ အခြေခံစားကုန်များနှင့် အလှူငွေများ စုစုပေါင်း(၇၅)သိန်းကျော်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)