တောင်ကုတ်မြို့နယ်ကုလားရောင်ကျေးရွာ၌ ပင်လယ်ဒီလှိုင်းမြင့်တက်မှုကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ နေအိမ်လူနေအိမ်များအရေးရွှေ့ပြောင်းခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်ကုလားရောင်ကျေးရွာ၌ ပင်လယ်ဒီလှိုင်းမြင့်တက်မှုကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ နေအိမ်လူနေအိမ်များအရေးရွှေ့ပြောင်းခဲ့ရ












MNP ၊  ဩဂုတ်  ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် ၊ ကုလားရောင်ကျေးရွာ(အောင်မင်းချောင်) အပိုင်း တွင် ပင်လယ်ကမ်းစပ်အနီးရှိ လူနေအိမ်(၃၀)မှာမိုးသည်းထန်စွာရွာသွန်းခြင်းနှင့်ပင်လယ်ဒီရေလှိုင်း မြင့်တက်ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ကြိုတင်ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ပြောင်းရွှေ့ပေးရာတွင် ကျား(၆၅)ဦး ၊ မ(၅၅)ဦးစုစုပေါင်း(၁၂၀)ဦးကို ကုလားရောင် ကျေးရွာရှိ မဟာဝိဟာရဘုန်းတော်ကြီးကျောင်း ၊ မဟာဇောတိကာရာမဘုန်းတော်ကြီးကျောင်း နှင့် Cyclone Shelter များသို့ ရွှေ့ပြောင်းထားပြီး လူနှင့်တိရစ္တာန်များထိခိုက်မှုမရှိကြောင်းလည်းသိရသည်။


ကုလလားရောင်ကျေးရွာအုပ်စု ၊ အောင်မင်းချောင်ပိုင်းတွင် အိမ်ခြေ(၁၂၀) ၊ အိမ်ထောင်စု(၁၂၅)ရှိပြီး နေထိုင်သူလူဦးရေ(၄၈၀)ဦးရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)