ရေတာရှည်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ညောင်ပင်သာ)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ညောင်ပင်သာ)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်  ညောင်ပင်သာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ကြူကြူခိုင်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်​ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး အကြောင်းအရာများ ​ဆွေး​နွေး​ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများ ရရှိစေရေးရည်ရွယ်ကာ စက္ကူပြဇာတ်နှင့် ရုပ်ပုံပြစာအုပ်ဖြင့် ပုံပြင်​ပြောပြခဲ့ပြီး ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသူ၊ ကျောင်းသားများနှင့်အတူတကွ ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)