ထန်တလန်တိုက်ပွဲတွင် အကြမ်းဖက်သမား ၁၂ ဦး အသေဖမ်းဆီးရမိ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်တိုက်ပွဲတွင် အကြမ်းဖက်သမား ၁၂ ဦး အသေဖမ်းဆီးရမိ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး





MNP ၊ သြဂုတ် ၂၉

ယမန်နေ့အစောပိုင်းက ထန်တလန်ရှိ နယ်မြေခံတပ်စခန်းကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်ပြီး အင်အား ၃၀၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ရာ လေကြောင်းပစ်ကူဖြင့် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရပြီး PDF အကြမ်းဖက်သမား ၁၂ဦးထပ်မနည်း အသေဖမ်းဆီးရမိခဲ့သည်။

အကြမ်းဖက်နှိမ်နင်းဆောင်ရွက်မှုအတွင်း PDF အကြမ်းဖက်သမား ၁၂လောင်း၊ AK - ၅လက်၊ M16 - ၂လက်၊ M4 - ၂လက်၊ 12 Bole -၁လက်၊ လက်လုပ်စိန်ပြောင်း -၁လက်၊ ကျည်မျိုးစုံ -၁၀၀၀တောင့်၊ လက်ပစ်ဗုံး - ၂၅လုံး၊ ကျည်ကာ -၁၁ထည် သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့ရပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)