ကျောက်ဆည်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကျင်းပ



MNP ၊  ဩဂုတ်    ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သည်။


ပြိုင်ပွဲတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်တို့မှ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမပွဲစဉ်အဖြစ် စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ အမျိုးသမီးဘော်လီဘောအသင်းနှင့် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် အမှတ်အများဆုံးရရှိခဲ့သည့် ဘော်လီဘောအသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်အတူ ရွှေဆွဲပြား၊ ငွေဆွဲပြားများ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အကောင်းဆုံးအားကစားသမားများ ရွေးချယ်ပြီး ခရိုင်အဆင့် အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်း ဖွဲ့စည်းပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)