ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

 


MNP ၊ ဩဂုတ် ၁၉

အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံ၏ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံလာဘွန်ဘာဂျိုးမြို့၌ ကျင်းပမည့် (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွား ကြသည်။

(၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ပြီး ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) နှင့်လည်းကောင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတစ်နိုင်ငံချင်းစီနှင့်လည်းကောင်း၊ ဝန်ကြီးအဆင့်အစည်းအဝေးများကို သီးခြားစီလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)