နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး၊ သဘာဝဘေးသင့် ဒေသများသို့ ဆက်လက်ပို့ဆောင် သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး၊ သဘာဝဘေးသင့် ဒေသများသို့ ဆက်လက်ပို့ဆောင် သွားမည်





MNP ၊ ဩဂုတ်  ၁၂

နိုင်ငံတော်အရန်ဆန် ဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အရန်ဆန်ဝယ်ယူရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုကို ကွင်းဆင်းစစ်ဆေးသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် အရန်ဆန် အိတ် ၂ သိန်းကို ယခုနှစ် မေလအတွင်း ပထမအကြိမ် ဝယ်ယူစုဆောင်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ နိုင်ငံတော်မှ  ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်သည်။ 

ယခုအခါ ထပ်မံ၍  သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ဆက်လက် ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ် ၅ သိန်းကို ထပ်မံဝယ်ယူ စုဆောင်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိမှုအပေါ် ဝယ်ယူစုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးသင့် ဒေသများသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)