MNP ၊ ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပေးအပ်ထားသော တာဝန်များအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပြီး မျိုးစပါးများ အချိန်မီ ဆက်လက်စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ သွင်းအားစုများအနေဖြင့် ဓာတ်မြေသြဇာအပြင် သဘာဝဓာတ်မြေသြဇာပါထည့်သွင်းသုံးစွဲရန်လိုကြောင်း အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်း စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများအား တောင်သူများသိရှိသုံးစွဲနိုင်ရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ သရုပ်ပြရှင်းလင်းပြုလုပ်သုံးစွဲနည်းများ ပိုမိုဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လာရင် ကူညီကယ်ဆယ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်သတိပေးဆောင်ရွက်ထားကြရန်နှင့် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ပြီး မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီး၏ ရွှေထီးတော်မှာ တိမ်းစောင်းခဲ့သဖြင့် ရွှေထီးတော်အသစ်ပြန်လည်တင်ဆောင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ထောက်ပံ့ပေးအပ်မှုနှင့် လက်ခံရရှိမှုများအား စာရင်းဇယားများဖြင့် စနစ်တကျမှတ်တမ်းထားစေလိုကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတည်ဆောက်နေမှု ကိစ္စရပ်များအား အသေးစိတ်တင်ပြကြစေလိုကြောင်းစသည့်တို့ကိုမှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးရွှေထီးတော် အသစ်တင်လှူနိုင်ရေးဆောင်ရွက်နေမှုများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-အငူမော်လမ်းရှိ လမ်းတစ်ချို့ပျက်စီးနေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးသည် ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ သီဟိုကျွန်းကျေးရွာတွင် ကွင်းအမှတ် ၉၉(က)ရှိတောင်သူ ၄ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧက ၁၀ တွင် ဆင်းသုခမျိုးစပါးပျိုးထောင် စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာလိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
#MyanmarNationalPost
No comments:
Post a Comment