ပေါက်တောမြို့၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဥ်များကို စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဥ်များကို စစ်ဆေး






MNP ၊  ဩဂုတ်  ၃

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာမည့် ခရီးသည်ရေယာဥ်များအား ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးကြသည်။


ထို့သို့ စစ်ဆေးရာတွင် ရေယာဥ်များပေါ်တွင် သတ်မှတ်ခရီးသည်နှင့် အညီ အသက်ကယ်အကင်္ျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဘူးများပါဝင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးကြပြီး အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးကြသည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိန်ကျော်လှိုင် ဦးဆောင်ရွက် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)