ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော







MNP ၊  ဩဂုတ်  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  လေးမိုင်အခြေခံပညာအထက်တန်းကျောင်း တွင် မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ တွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍  ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ် ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်း ဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ ၊  ပုဒ်မ ၊  ပြစ်မှု ၊ ပြစ်ဒဏ် များ ၊အား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော) မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ် ပေါ် ရသည့် အကြောင်း အရင်း များ ၊ လူ တစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ ၊ အခြားကာမဆိုင်ရာ ကိစ္စ တစ်မျိုးမျိုး ပြုလုပ် စေခြင်း ၊ ကျွန်ပြုခြင်း ၊ ကျေး ကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အမျိုး သမီး များအပေါ် လူကုန်ကူးမှု အခြေ အနေများ ၊ တရုတ် နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ ၊ အမျိုးသားများအား ငါးဖမ်း လှေများတွင် အသုံး ပြုနေမှုများ ၊ မည်သူမဆို အမျိုး သမီးများ ၊ ကလေးသူငယ် နှင့် လူငယ်များအား လူ ကုန် ကူးမှု ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ အများ ဆုံး  ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှှု ၊ ပြစ်ဒဏ် များ  ဆောင်ရန် ၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြား နိုင်ရန်အ တွက်  လူကုန်ကူးမှု တား ဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင် သည့် ဖုန်းနံပါတ် များ အား ပြောကြားကာ  လူ မှောင်ခ ကူးမှု နှင့် လူကုန်ကူး မှု အခြေအနေများအား အကျယ် တ ဝင့် ရှင်းလင်းပြော ကြားခဲ့သည်။ 


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း နှင့် တပ်ဖွဲ့ ဝင်များ၊  အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိ ယ ရဲမှူး စံမင်း နှင့် တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး  ၊ ဆရာ၊ဆရာမများ ၊ကျောင်းသား/ သူများ စုစု ပေါင်း (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ခဲ့ကြ ကြောင်း သိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)