ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ (၅၄၉၄)ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ (၅၄၉၄)ဧက စိုက်ပျိုးပြီးဖြစ်



MNP ၊  ဩဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှမ်း၊ မြေပဲ၊ နေကြာ စသည့် မိုးရာသီ ဆီထွက်သီးနှံများကို (၇၄၈၀)ဧက လျာထားစိုက်ခဲ့ရာ (၅၄၉၄)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရှိရသည်။


ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်များဖြင့် စိုက်ပျိုးခဲ့ကြောင်းနှင့် ဆင်းရတနာ-၄ နှမ်းသီးနှံ (၂၄၈၄)ဧက၊ ဆင်းပဒေသာ-၁၁ မြေပဲသီးနှံ (၁၁၈)ဧက၊ ဆင်းရွှေကာ နေကြာသီးနှံ (၂၈၉၂)ဧက ဆင်းရွှေကြာ-၂ နေကြာသီးနှံ (၂၅၂၂)ဧက၊ ရေဆင်းစပ်မျိုး-၁ နေကြာသီးနှံ (၃၇၀)ဧက စုစုပေါင်း(၅၄၉၄)ဧက စိုက်ပျိုးပြီးကြောင်းနှင့် လျာထားဧကများ ပြည်မီကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဆီထွက်သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်မောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)