ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စာတွေ့၊ လက်တွေ့လာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စာတွေ့၊ လက်တွေ့လာရောက်လေ့လာ


MNP ၊  ဩဂုတ်  ၃

ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်)မှ ၂၀၁၉ ခုနှစ် ဝင်ခွင့်ရ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၇ ဉီးသည် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Health Care System in Myanmar-2 ဘာသာရပ်အား  လာရောက်လေ့လာသင်ကြားကြောင်း သိရသည်။


ထိုသို့လေ့လာရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ဦးဆောင်မှုဖြင့်  ပြည်သူ့ကျန်းမာရေးဆရာမများက သင်ကြားပေးသွားမှာဖြစ်ပြီး ယနေ့တွင် ပြည်သူ့ကျန်းမာရေးဆရာမကြီးဒေါ်လှသိန်းယဉ်မှ  ကျောင်းကျန်းမာရေး(School Health)ဘာသာရပ်ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါ သင်တန်းသား၊ သင်တန်းသူများသည် သြဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၂)ပတ်ကြာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်များကို စာတွေ့လက်တွေ့  လေ့လာသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။


တင်တင်ချို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)