မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်


MNP ၊  ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာအတွင်း၌ ကွင်းဆင်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ယင်းသို့ဆောင်ရွက်ခြင်းကို မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်ပြီး သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးသယ်ဆောင်သည့် (အေဒီးစ်ခြင်) ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်း ဖြစ်သဖြင့် ခြင်ကိုက်မခံရအောင် နေထိုင်ရမည်ဖြစ်ကြောင်း၊ ရောဂါပိုးသယ်ဆောင်သည့် (အေဒီးစ်ခြင်) များသည် နံနက် စောစောနှင့် ညနေ နေမဝင်ခင်အချိန်များတွင် ကိုက်တတ်ကြောင်း၊ မည်သည့်အချိန်တွင်မဆို အိပ်ပါက ခြင်ထောင်နှင့် အိပ်ရမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဆိုးလာလျှင် အသက်အန္တရာယ်အထိဖြစ်နိုင်သဖြင့်  ကြိုတင်ကာကွယ်ရမည် ဖြစ်ကြောင်း၊ ခြင်များ ခိုအောင်း ပေါက်ဖွားမှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ရှိ ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းထားရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ပိုးလောက်လန်း မရှိစေရေးအတွက် ရေစည်၊ ရေအိုးများ၊ ရေလှောင်ကန်များ၌ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရာတွင် ကြက်ခြေနီ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။


မိုင်းယုမြို့တွင် ရက်သတ္တပတ်အတွင်း နေ့ရက်အလိုက် အစိုးရနှင့်ပုဂ္ဂလိကရုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးဆိုင်များ၊ ဘာသာရေးအဆောက်အဦများရှိရာ နေရာများ၊ မူကြိုနှင့်စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများရှိ အများပြည်သူ နေအိမ်ဝင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်းနင်းရေး ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


အားချာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)