MNP ၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောက္ကချားတိုက်နယ်ဆေးရုံဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြင့်ကျော်၊ အမျိုးသမီးကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက စံဖူးကျေးရွာအုပ်စု၊ စငေါကျေးရွာအုပ်စု၊ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဖက်ရမ်းကျေးရွာအုပ်စု ကျေးရွာစုစုပေါင်း (၆၄)ရွာ၊ လူဦးရေ (၂၂၅၂၁)ဦးအတွက် ဧရိယာအကျယ်အဝန်း (၅.၇၂)ဧကရှိ ကျောက္ကချားကျေးလက်ကျန်းမာရေးဌာနခွဲအား ကျောက္ကချား တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ဆောင်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ တိုက်နယ်ဆေးရုံဆောက်လုပ်ပြီးပါက ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
Myanmar National Post
No comments:
Post a Comment