ငပလီကမ်း​​​​ခြေသန့် ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီကမ်း​​​​ခြေသန့် ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၂

     ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ​ကြီး​ကြပ်မှု​​ဖြင့်​၊မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ကဦးဆောင်ကာ ငပလီ​ကမ်း​ေခြအများ​ပြည်သူအပန်း​ေဖြ​​နေရာကမ်း​​ေခြသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးကို  ယနေ့နံနက် ၇း၃၀ နာရီက ခရိုင်​​မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊လူမှူ​ရေးအသင်းအဖွဲ့များစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။


  ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊​မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များခလရ ၅၅ တပ်ရင်းမှဒုတိယဗိုလ်မှူးကြီးခွန်မျိုးလွင်ဦးနှင့်ဦးစီးအဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှု​ရေးအသင်းအဖွဲ့များပါဝင်သောပူးပေါင်းအင်အားအဖွဲ့(၁၅၀)ဦးခန့်က ငပလီကမ်းခြေအများ​ပြည်သူအပန်း​ေ​ဖြကမ်းတစ်လျှောက်  အမှိုက်သရိုက်များကို စု​​ပေါင်း​ကောက်​ခြင်းတံမြက်စည်းလှည်းပြီး မီးရှို့ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


မြင့်မြင့်အေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)