မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နှင့် ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နှင့် ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကျင်းပ






MNP ၊  ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ ကပြိုင်ပွဲ၏စည်းကမ်းချက်များနှင့်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို   ရှင်းလင်း ပြော ကြားခဲ့သည်။


ထို့နောက် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင်းနှင့် အလယ်အဆင့် ကျောင်းသား၊ကျောင်းသူ(၂၅) ဦးဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများ ကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)