ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် က လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က  ရုံးလုပ်ငန်း၏ သဘောတရားများ ၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း နှင့် ထွက်စာများကို အရေး ယူဆောင်ရွက်ခြင်း  စသည့် စာအုပ်၏ စာပုဒ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ခရိုင်ရုံးရှိဝန်ထမ်းများက ပြည်ထောင်စုရာထူး ဝန်အဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ပါ အကြောင်းအရာများဖြစ်သော  ဝင်စာများကို အရေးယူ ဆောင် ရွက်ခြင်း ၊  ထွက်စာ များကို အရေးယူဆောင်ရွက်ခြင်း၊ စာတွဲထိန်းသိမ်းခြင်း ၊ စာရွက်စာတမ်းများ လုံခြုံစွာ ကိုင် တွယ် ထိန်းသိမ်းခြင်း ၊ မှတ်တမ်းထိန်းသိမ်းခြင်း ၊ ပစ္စည်းမှာ ယူ ထိန်း သိမ်းခြင်း နှင့် သုံးစွဲခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင် သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေး ခဲ့ကြရာ  လိုအပ်သည့်အကြောင်းအရာများအား ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ 


သက်လွင်စိုး  ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)