မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ





MNP ၊  ဩဂုတ်  ၂၅

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က ကျောင်းသား ၊ကျောင်းသူများ စိတ်ကူးစိတ်သန်း နှင့်ဉာဏ်ရည်၊  ဉာဏ်သွေး ထက်မြတ်စေရန်၊ ကဗျာများကို စိတ်ဝင်စားစွာလေ့လာဖတ်ရှုတတ်စေရန် ရည်ရွယ်ချက်များ ဖြင့် ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကဗျာရွတ်ပြိုင်ပွဲ  အား ဆက်လက်ကျင်းပရာ မူလတန်းအဆင်းနှင့် အလယ်အဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅) ဦးဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို တာဝန်ရှိ သူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)