ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်






MNP ၊  ဩဂုတ်  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက “ငွေစာရင်း ထိန်းသိမ်းနည်း လက်စွဲ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်  ၁ နာရီအချိန်က လူထု အခြေ ပြု ဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး   ခရိုင်ရုံးရှိဝန်ထမ်းများ က  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ “ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ”စာအုပ်ပါ အကြောင်း အရာ များဖြစ်သော   အခန်း(၁) ဘဏ္ဍရေးစည်းမျဉ်းအောက်ရှိ  ငွေရပြေစာ ရေးထား ထုတ်ပေးခြင်း ၊ ထိန်း သိမ်း သိုလှောင်ခြင်း ၊ ရငွေများ ဘဏ်သို့ပေးသွင်းခြင်း ၊ ရငွေများ ကိုင်တွယ် ထိန်းသိမ်းခြင်း နှင့် စာရင်း ရေးသွင်း ခြင်းစသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြပြီး  သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်  

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)