ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ( Community Centr) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ( Community Centr) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ







MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန ( Community Centr) ခန်းမတွင်ယနေ့နံနက်ပိုင်းကပန်းချီပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကေျာင်းသား/သူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန် ရည်ရွယ်၍ဖြစ်ကြောင်း ပန်းချီ ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက် နှင့်ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပန်းချီ ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကိုကျင်းပရာ ဆုရကျောင်းသား/ ကျောင်းသူ လေးများကိုဆုများအသီးသီးချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးလူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာနံရံကပ်စာစောင်များအား ရှင်းလင်းပြသပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)