ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ယနေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဒုတိယဦးစီးမှူး) ဒေါ်ခင်ခင်အေးနှင့် ဝန်ထမ်းများ ၊ (Book  Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။


ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်အေးက  ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)အမှတ်(၁၃) ၊၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့  ထုတ်ဝေသည့် မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားသော “ လူငယ်များ သိသင့်သော အပြုအမှုများ”  ဆောင်းပါးပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပါသည်။


ဆက်လက်ပြီး ဒုတိယဦးစီးမှူးက “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားနှင့်အညီ အနာဂတ်တွင်  ခေါင်းဆောင်ကောင်းများဖြစ်လာမည့်  ကျောင်းသား၊ကျောင်းသူများအနေဖြင့်ကျောင်းဖွင့်ချိန်တွင် ပညာကိုအာရုံစူးစိုက်ပြီး သင်ကြားကြရန်၊ ကွမ်း၊ ဆေးလိပ်၊ အရက်များကို မသောက်သုံးမိကြစေရန်၊ ဆရာ/ဆရာမ များ၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကြရန်  ၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန်  အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ပြည်သူ့စာကြည့်တိုက်သို့ သွားရောက်၍ စာပေများကို လေ့လာ ဖတ်ရှုကြရန်နှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများအား  အပြန်အလှန် ဆွေးနွေးမေးမြန်း ခဲ့ကြောင်းသိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)