သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community. Centre)၌လူငယ်များနှင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community. Centre)၌လူငယ်များနှင့်စာဖတ်ဝိုင်းကျင်းပ




MNP ၊  ဩဂုတ်  ၂၃

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန  (Community Centre)၌ လူငယ်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။


  အခမ်းအနားတွင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ကစာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်စောတင့် (ဘာသာပြန်)ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်" တွင်ပါရှိသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်း ဆောင်းပါးအား ဖတ်ကြားဆွေးနွေးခဲ့သည်။


၎င်းနောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသောမောင်ဖြိုးဝဏ္ဏကျော်ကလမ်းလျှာက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မဝင်းသီရိကျော် က သိုက်မြုံမှခွါသောအခါ၊ မောင်ပိုင်ပိုင်စိုးက ရှုမဆုံးတော့သည် ၊ မထူးသဇင်က စကားပြောဖို့ခလုပ်နှိပ်လိုက်ပါ ခေါင်းစဉ်များဖြင့်အသီးသီး ဖတ်ကြားဆွေနွေးခဲ့ကြရာ ဦးစီးအရာရှိ က ဖတ်ကြားဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)