MNP ၊ ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများလိုက်နာရမည့် တာဝန်နှင့် စည်းကမ်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုး သတ်မှတ်ချက်များနှင့် စံတန်ဖိုးများ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များအား ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဦးတင်ထွန်းဦး(ဓာတ်ပုံကျွမ်းကျင်-၂)က ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ရှိခြင်း အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်နှင်းသဇင်(ရုပ်သံကျွမ်းကျင်-၃)က အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်ခင်ဝတ်ရည်နှင်း (အငယ်တန်းစာရေး)က ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်းစသည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှသိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးကြသည်။
ကျောက်ဖြူခရိုင်၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် Online မှတဆင့် အသိပညာပေး Talk Show (ဆွေးနွေးပွဲများ)ပြုလုပ်ခြင်း၊ ရုံးချုပ်မှလစဉ်ပေးပို့လာသည့် စာအုပ်အသစ်များကို စာဖတ် ပရိတ်များသိရှိနိုင်ရန် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူပန်းအလှခေါက် နည်းများပြုလုပ်ပြသပေးခြင်းများကို ပြည်သူ့စာကြည့်တိုက် Facebook page မှတဆင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment