ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လျှပ်စစ်ကား (EV)ပြပွဲ ကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လျှပ်စစ်ကား (EV)ပြပွဲ ကျင်းပလျက်ရှိ




MNP ၊ ဩဂုတ် ၄

၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲများအား သတ်မှတ်နေရာများ၌ ဖဲကြိုးဖြတ်၍ အသီးသီးဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စက်မှုထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ကား (EV)များနှင့် အားသွင်းစက်များ ပြသထားရှိမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။


အဆိုပါ ဈေးရောင်းပွဲတော်နှင့် ပြပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ Digital economy coner နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ အရောင်းပြခန်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ပြခန်းများ၊ အခြားအသင်းအဖွဲ့များမှ ပြခန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြခန်းများ ခင်းကျင်း ပြသမည်ဖြစ်သည်။


၎င်းအပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လက်လီရောင်းချသူများအသင်းက ဆန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးလာရောက်ဝယ်ယူသူများအား Dancer အကများ၊ ရှိုးပွဲများ၊ ဒီဂျေများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပတ်လမ်းကို မော်တော်ယာဉ်များဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ဈေးရောင်းပွဲတော်အား ယနေ့မှ ဩဂုတ် ၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၇ နာရီအထိ ပြသရောင်းချမည်ဖြစ်ကြောင်းနှင့် ဆိုင်ခန်းရောင်းချသူများနှင့် ဈေးလာရောက်ဝယ်ယူကြသူများ စားသောက်ရေးအတွက် တန်ဖိုးသင့်ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)