ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့် GCC အတွင်းရေးမှူးချုပ်ရုံးတို့အကြား ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် သံအမတ်ကြီးဦးတင်ယုမှ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့် GCC အတွင်းရေးမှူးချုပ်ရုံးတို့အကြား ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် သံအမတ်ကြီးဦးတင်ယုမှ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ရှင်းလင်းပြောကြား





MNP ၊ သြဂုတ် ၁၆

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိသည့် ASEAN-GCC ထိပ်သီးအစည်းအဝေးကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ GCC အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံသံအမတ်ကြီးများအကြား ၁၅-၈-၂၀၂၃ ရက်နေ့တွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ GCC ၏ နိုင်ငံရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် H.E. Mr.  Abdul Aziz Al-Awaisheq ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေး အကြံပေးပုဂ္ဂိုလ် H.E. Dr. Abdullah Al-Tayer ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ဌာန ညွှန်ကြားရေးမှူး H.E. Mohammad Al-Quneir နှင့် တာဝန်ရှိသူများ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သံအမတ်ကြီးဦးတင်ယုမှ ASEAN-GCC ထိပ်သီးအစည်းအဝေး ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ လတ်တလော မြန်မာနိုင်ငံနှင့် GCC နိုင်ငံများအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် GCC နိုင်ငံများအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး အတွက် ရှေ့လာမည့်နှစ်များတွင် နှစ်ဘက်အဆင့်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အပြန်အလှန်ခရီးစဉ်များ အကောင်အထည်ဖေါ် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)