Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ



MNP ၊  ဩဂုတ်  ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသည့် Gender,CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပခဲ့ရာ နေပြည်တော်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း၊ လူငယ့်တွဲလက်ဥက္ကဋ္ဌ ဒေါ်သက်ရတနာကျော်ဝင်းနှင့် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊  ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက မြန်မာနိုင်ငံရှိ ကျား/မအခြေပြု အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများအား ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက်မှုကိုဖြစ်စေသော အကြောင်းအချက်များဖြစ်စေရန် တွန်းပို့ပေးနေသော အချက်အလက်များနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများကို တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများကိုလည်း ကျူးလွန်ခံရသူများ လုံခြုံမှုရှိစေရန်နေရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားဥပဒေအရ အမှုဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည့် နှစ်သိမ့်ဆွေးနွေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်မှုများ ရပ်တန့်စေရန် ကျား/မ အခြေပြုမှုအပေါ် လေးစားနားလည်စေရန်၊ အကြမ်းဖက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်ပြီး အသိပညာပေးခြင်း၊ နေရာအနှံ့လူထုအသိပညာပေး လှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများအနေဖြင့်လည်း အမျိုးသမီးများအားလုံး အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုတွေကကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် မိမိတို့ဌာနအလိုက် အခန်းကဏ္ဍ အသီးသီးကနေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ့်တွဲလက်ဥက္ကဋ္ဌ ဒေါ်သက်ရတနာကျော်ဝင်းက Gender ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက CEDAW, NSPAW နှင့် UNSCR 1325 ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ရာ တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝေက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


ဟိန်းသူအောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)