တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် GIS နည်းပညာဖြင့် သန်းခေါင်စာရင်းယူနစ် (Census Unit)များဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် GIS နည်းပညာဖြင့် သန်းခေါင်စာရင်းယူနစ် (Census Unit)များဖွဲ့စည်း





MNP ၊  ဩဂုတ်  ၂၉

၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် GIS နည်းပညာကိုအသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်‌ကြကြောင်းသိရသည်။


အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးရည်သန့် က GIS နည်းပညာကိုအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အတွက် အုပ်ချုပ်မှုနှင့်ထောက်ပံ့ပို့ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိရောက်စွာပံ့ပိုးနိုင်ရန် ၊ စာရင်းကောက်ယူရမည့်ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်းမရှိစေရန်အတွက် နယ်နိမိတ် တိကျမှန်ကန်သည့် စာရင်းကောက်ကွက်များဖြင့် ပိုင်းခြားသတ်မှတ်နိုင်ရန်၊ နိုင်ငံတကာတွင် အသုံးပြုနေသော ခေတ်မီ Geo Database System တည်ဆောက်နိုင်ရန်နှင့် အချက်အလက်များထုတ်ပြန်ရာတွင် သန်းခေါင်စာရင်းရလဒ်များအား အုပ်ချုပ်မှုဒေသမြေပုံများဖြင့် ထုတ်ပြန်နိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သော စာရင်း‌ကောက်ကွက်မြေပုံများ ရရှိနိုင်ရန်တို့ဖြစ်ကြောင်း ရှင်းလင်းပြေကြားသည်။


တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာကို အသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှဝန်ထမ်းများ ၊ ပြည်နယ်ကိုယ်စားပြုဝန်ထမ်းများ၊ တိုက်နယ်မှူးဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများပါဝင်ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး GIS နည်းပညာကိုအသုံးပြု၍ သန်းခေါင်စာရင်းယူနစ် (Census Unit)များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)