မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု





MNP ၊  ဩဂုတ်  ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ ရေတွင်းကုန်းအုပ်စုရှိ ဆန်းသစ်လယ်/ထွေ သမဝါယမအသင်းမှ အသင်းသား ဒေါ်ဖြူဖြူဝင်း၏ကွင်းအမှတ် (၁၇၀) တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုကို ဩဂုတ်လ (၁၄) ရက်နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးစေရေးနှင့်အထွက်နှုန်းတင်း (၁၂၀) နှင့်(၁၄၀)ထွက်ရှိပြီး တောင်သူလယ်သမားများဝင်ငွေတိုးပွားစေရေးအတွက် GW-11 စပါးမျိုး စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးများရရှိစေရန်နှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိဒေါ်ခိုင်မာသန်းက ပြောကြားသည်။


မိုးကောင်းမြို့နယ်တွင် GW-11 မျိုးစပါးကို ပင်းဘောဒေသစိတ်တွင်(၁)ဧက၊ မြတောင် ကျေးရွာတွင်(၃)ဧကနှင့် ထိုပူးကျေးရွာတွင် (၈၆) ဧက စုစုပေါင်းဧက(၉၀)စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။


သန်းလွင်ဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)