မအီမြို့ ခြေတော်ရာကျေးရွာတွင် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ခြေတော်ရာကျေးရွာတွင် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ညွှန်ကြားချက်နှင့်အညီ ပြည်သူများ သတ်မှတ်အကြိမ်ရေ ပြည့်မီစွာထိုးနှံနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် KG ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ၂ နှစ်အောက်ကလေးများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ရောဂါများ မဖြစ်ပွားရေန် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် သက်ကြီးရွယ်အိုများအား (အခမဲ့)အခြားကျန်းမာရေး စောက်ရှောက်ခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု၊  ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ခြေတော်ရာကျေးရွာမှာ ဗုဒ္ဓဘာသာ ချင်းတိုင်းရင်သားများနေထိုင်ပြီး မအီမြို့နှင့် တောင်ပေါ်ခရီး ၁၇ မိုင်ခန့်ကွာဝေး၍ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာကလေးဖြစ်ကြောင်း၊ အိမ်ခြေ(၅၇)အိမ်နှင့် လူဦးရေ ၂၀၀ ကျော်ခန့်နေထိုင်ကြကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများကို မအီမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများတွင် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)