KNU တပ်မဟာ (၁) လက်အောက်ရှိ PDFအကြမ်းဖက်အဖွဲ့ဝင် ၁၄ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU တပ်မဟာ (၁) လက်အောက်ရှိ PDFအကြမ်းဖက်အဖွဲ့ဝင် ၁၄ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်


MNP ၊ သြဂုတ် ၃

KNU တပ်မဟာ (၁) နယ်မြေ၊ ရဲပြေး အေးမင်းထွန်း၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သော PDF ၁၄ ဦးမှ အကြမ်းဖက်မှုများ မပြုလုပ်လိုတော့ကြောင်းနှင့် အေးချမ်းစွာနေထိုင်လိုကြောင်း လုံခြုံရေးအဖွဲဝင်များထံ ဆက်သွယ်၍ ၂၀-၇-၂၀၂၃ ရက်နေ့က ဆက်သွယ်လာကြောင်း သိရသည်။

ဆက်သွယ်လာသော သတင်းအချက်အလက်များရရှိပြီး မကြာမီ ၂၆-၇-၂၀၂၃ ရက်နေ့တွင် PDF အကြမ်းဖက်အဖွဲ့ဝင် ၁၄ ဦးမှ  RPG ၁ လက်၊ ခွင်းကျည် ၁ တောင့်၊ တင့်ဖျက်ကျည် ၁ တောင့်၊ အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့် တိုနှင့်အတူ  ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

နစကအစိုးရက PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်သမားများကိုလည်း ဆက်လက် နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)